နေပြည်တော် ဒီဇင်ဘာ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)၊ ဒိုက်ဦး - စစ်တောင်းလမ်းနှင့် B.O.T စနစ်ဖြင့် ဆောင်ရွက်သော ဘုရားကြီး - ကျိုက်ထို - သထုံ - ဘားအံ လမ်း၊ တံတား ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၁၁ ရက်တွင် အိန္ဒု - ကော့ကရိတ်လမ်း အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဘားအံ - ကော့ကရိတ် - မြဝတီလမ်း (134KM-135KM) ကြားရှိ လှိုင်ဝတံတား ပေ (၃၀၀) လေးလမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး Bored Pile တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ဂျိုင်း(ကော့ကရိတ်) တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း တံတားတိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားချဉ်းကပ်လမ်းများ ဆောင်ရွက်နေမှု၊ အိန္ဒု-ဇာသပြင် လမ်းအခြေအနေ၊ အသစ်တည်ဆောက်မည့် ဂျိုင်း (ဇာသပြင်) တံတားနှင့် အတရံ တံတား မြေနေရာ ရှင်းလင်းထားမှုနှင့် တံတားဆိုင်ရာ ပစ္စည်းများ စုဆောင်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် မော်လမြိုင် - သံဖြူဇရပ် - ရေး - ထားဝယ်လမ်းအပိုင်းအား (၂၄) ပေအကျယ် ကတ္တရာကွန်ကရစ် (AC) ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မလွှဲတောင် - ထားဝယ်အပိုင်း (522.5km) အနီးမှ စတင်ဖောက်လုပ်မည့် ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၁) လျာထားလမ်းအူကြောင်းနှင့် ထားဝယ် - မေတ္တာလမ်း၊ ဇလွန်းရွာအနီးမှဖြတ်၍ ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၂) မြေသားတာဘောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆိုပါလမ်းပေါ်ရှိ ပေါက်တိုင်းတံတား လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထားဝယ်မြို့ရှောင်လမ်းသည် (ထားဝယ်-မလွှဲတောင်အပိုင်း) (522.5km)အနီး (သဗြေ ချောင်းရွာလမ်းခွဲအနီး) မှ စတင်၍ ဖောက်လုပ်မည်ဖြစ်ပြီး (ထားဝယ်-ပလောက်အပိုင်း) (530.5Km) အနီးအထိ အရှည် (6Km) ရှည်လျားပြီး လမ်းတာဘောင်အကျယ် (12.19 m) ပေ (၄၀) အကျယ်နှင့် လမ်းအမျိုးအစားမှာ (7M) အကျယ် ကတ္တရာကွန်ကရစ် AC လမ်း ဆောင် ရွက်မည်ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်နှင့်အတူ ကမြောကင်း တံတားတည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တံတားအမျိုးအစား မှာ အပေါ်ထည် R.C Girder , P.C Girder , Steel Arch Truss နှင့် R.C Decking Slab ဖြစ်ပြီး ၊ တံတားတိုင်ကိုယ်ထည် R.C Concrete နှင့် အုတ်မြစ် ကို 1.2mØ နှင့် 1.5 mØ Bored Pile တို့ဖြင့် တည်ဆောက်ထားကာ စုစုပေါင်းတံတားအရှည် ပေ (၁၀၅၀)၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ ၊ လူသွားလမ်းတစ်ဖက်လျှင် (၅)ပေစီပါရှိပြီး တံတားအောက်ရေလမ်းကင်းလွတ်အကျယ် (၁၆၄)ပေ ၊ အမြင့် (၁၆)ပေနှင့် တံတားခံနိုင်ဝန် မှာ AASHTOHS 25 ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


