နေပြည်တော်  ဒီဇင်ဘာ  ၂၇

 

လမ်းခင်းပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်း သင်တန်းအမှတ်စဉ်(/၂၀၂၄)နှင့် ဘေလီတံတားနှင့် သံဘောင် တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်း အမှတ်စဉ် (/၂၀၂၄) သင်တန်း ဆင်းပွဲကို  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ)တွင် ကျင်းပသည်။

 

ဦးစွာဒုတိယဝန်ကြီးဉီးဝင်းဖေက မိမိတို့ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၌ပါရှိသည့် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနများလက်အောက်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲများအဖြစ် ပင်မဓာတ်ခွဲခန်း()ခုတွင် သက်ဆိုင်ရာဒီဇိုင်း ဌာနခွဲများ နှင့် အရည်အသွေး ကွပ်ကဲရေးဌာနခွဲများအတွက် အထောက်အကူအဖြစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေလီတံတားနှင့် သံဘောင် တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်းသားများကို မှာကြားလိုသည်မှာ ဘေလီတံတား တည်ဆောက်ခြင်းနှင့် ပတ်သက်၍ သမိုင်းကြောင်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လက်သုံး ကိရိယာများအကြောင်းနှင့် (Single Bailey) (Double Single  Bailey) တံတားများတပ်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီးဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသများတွင် ဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားနေရာများမှာ ဘေလီတံတား အစားထိုးရန် လိုအပ်လာသည့်အခါ ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်အတွက် ယခုသင်တန်းက ပို့ချပေးသည့် ဘေလီတံတား လက်တွေ့တည်ဆောက်ခြင်း၊ ဖျက်သိမ်းခြင်းများနှင့် ပေါင်းစပ်ပြီး ကျွမ်းကျင်စွာဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားပြီးသင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

 

ထို့နောက် လမ်းဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ(ရန်ကုန်)ရှိ ဓာတ်ခွဲခန်းများ၊ တံတား ဦးစီးဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ(ရန်ကုန်)ရှိ ဓာတ်ခွဲခန်းများ ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်မှုရှိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်နိုင်ရေး၊ မိမိပတ်ဝန်းကျင်နှင့် ရုံးအဆောက်အဦအတွင်း လုံခြုံရေးဂရုပြုနေထိုင်ရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအစဉ် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)