နေပြည်တော် ဒီဇင်ဘာ ၃၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အမှတ် (၇) မြို့ပတ်လမ်း ကွန်ကရစ် (၂) လမ်းသွားမှ (၄) လမ်းသွား လမ်းချဲ့ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဘောနက်ကြီး ယာဉ်ရပ်နားစခန်းအတွင်း CRRC Myanmar Co.,ltd မှ ဆောင်ရွက်လျှက်ရှိသည့် EV Charging Station တည်ဆောက်ရေး လုပ်ငန်းနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်း အတွင်း Yar Zar Min Indystry co.,ltd ၊ Mandalarmin Trading & Transportation co.,ltd ၊ NPK co.,ltd တို့မှ ဆောင်ရွက်လျှက်ရှိသည့် EV Charging Station လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး EV Charging Station တည်ဆောက်ရာတွင် ကော်မတီမှသတ်မှတ်ထားသည့် ဒီဇိုင်းအတိုင်း လိုက်နာဆောင်ရွက်ရေး၊ လက်ရာလက်သားကောင်းမွန်ရေးနှင့် EV Charging Station ကို သုံးလအတွင်း အပြီးတည်ဆောက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်


