ရန်ကုန်   ဒီဇင်ဘာ ၂၄

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည်  ယနေ့ နံနက်ပိုင်းတွင် ၂၀၂၁-၂၀၂၂  Mini Budget ၌ လုပ်သား (၄၂၄) ဦးကို စစ်ဆေးအကဲဖြတ်ရန် လျာထားချက်ပြည့်မီစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၆၃) ရပ်ကွက်၊ စက်မှုလမ်းရှိ Arbourfield Assessment Center သို့ သွားရောက်ကြည့်ရှုသည်။

ကြည့်ရှုစဉ် Arbourfield Assessment Center မှ တာဝန်ရှိသူက သင်တန်းကျောင်း တည်ထောင်ထားရှိမှုနှင့် သင်တန်းဖွင့်လှစ်ပို့ချနေမှုကို လည်းကောင်း၊ Chief Assessor က Welder Level-1 အလုပ်အကိုင်အတွက် လုပ်သား(၂၀)ကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဆောင်ရွက်နေမှု ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အရည်အချင်း ပြည့်ဝရန်နှင့် ကျွမ်းကျင်လုပ်သား အများဆုံးလိုအပ်သော အလုပ်အကိုင်များကိုသာ စစ်ဆေးရန်မှာကြားခဲ့ပြီး လုပ်သားများကျွမ်းကျင်မှု စွမ်းရည်ဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေး အားပေးသည်။

အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

လုပ်သားများကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်များ ပေးအပ်နိုင်ရေးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ် ငန်းစဉ်များကို ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် အမျိုးအစားပေါင်း (၃၀) အတွက် လုပ်သား (၁၈,၅၃၆) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ရာ အရည်အသွေးပြည့်ဝသူ လုပ်သား (၁၆,၇၃၃) ဦးကို မွေးထုတ်နိုင်ခဲ့ပြီး Welder Level-1 (MMAW, GMAW, FCAW) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုအဆင့် (၁) လုပ်သား (၁,၅၆၄) ဦးနှင့် ကျွမ်းကျင်မှုအဆင့် (၂) လုပ်သား (၁၅) ဦး စုစုပေါင်း လုပ်သား (၁,၅၇၉) ဦးကို အသိအမှတ်ပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)