ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေး


နေပြည်တော် မေ ၂၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေကြသည်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ဒုတိယဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများကို ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အနည်းဆုံး အခမဲ့ အလယ်တန်းပညာ (KG+9) ပြီးမြောက်ရေး အလေးအနက်ထား အကောင်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတတ်ရုံမျှမက မိမိနိုင်ငံနှင့်လူမျိုးကို တန်ဖိုးထားသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကိုတန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ဖြစ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း မှာကြားကာ ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအသီးသီးတွင် ကျောင်းအပ် နှံရေးလက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်ကလေးများအား ကျောင်းသုံးပြ ဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံတို့ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိသည်။
သတင်းစဉ်