နေပြည်တော် ၁၃ ဒီဇင်ဘာ
အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အမှာစကား ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်က ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပမည့် နှီးနှောဖလှယ်ပွဲ၌ ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ ယူကေ၊ ယူအက်(စ်)အေတို့မှ လာရောက်ဆွေးနွေးမည့် ပညာရှင်များ၏ အမည်များနှင့် ဆွေးနွေးမည့် ဘာသာရပ်များကို တင်ပြဆွေးနွေးပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က အားကစားသိပ္ပံပညာနှင့် အားကစား ဆေးပညာကို အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ကြိုးစားနေပါကြောင်းနှင့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ မြန်မာ့အားကစား တက်လှမ်းထိုးဖောက်သွားနိုင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သတင်းစဉ်