ရန်ကုန်၊ ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးရှိ အိပ်ပျက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စား ကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ်းထိန်းတမံ တည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဧရာဝတီမြစ်အတွင်းမှ ရေယာဉ်ဖြင့်ကြည့်ရှု့စစ်ဆေးစဉ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသော လုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပါးဘေးရှိ အုန်းကုန်းကျေးရွာ ရေတိုက်စား ကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု အခြေအနေကို ကြည့်ရူစစ်ဆေးပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြို တိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကိုတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ထိရောက်အကျိုးရှိစေသည့် ရေရှည်အစီအမံများ (Master Plan) သေချာလေ့လာ ရေးဆွဲပြီး အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်