နေပြည်တော်၊ ဩဂုတ် ၁၁ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်းတံတားများနှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာန လက်အောက်မှ ဦးစီးဌာနများကို လှည့်လည်ကြည်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း-သီလဝါ (Myanmar International Terminal Thilawa- MITT) သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်က သီလဝါဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ MITT ဆိပ်ကမ်းနှင့် အခြား ဆိပ်ကမ်းတံတား ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံ့လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောရိုးမဏ္ဍိုင်ဖြစ်၍ ရေကြောင်းကုန်သွယ်မှုများ လွယ်ကူအဆင်ပြေချောမွေ့စေရန် အစိုးရဌာန အဖွဲ့အစည်းများက လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပံ့ပိုးပေးနေသကဲ့သို့ ဆိပ်ကမ်းအာဏာပိုင်နှင့်အတူ လက်တွဲဝန်ဆောင်မှုပေးနေကြသည့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာသုံးသပ်ပြီး အစိုးရ-ပုဂ္ဂလိက အကျိုးမျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေး သည်။

ဆက်လက်၍ MITT ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှုနှင့် ဆိုက်ကပ်လာသည့် သင်္ဘောများပေါ်မှ ဓါတ်မြေဩဇာများချယူနေမှု၊ Wilmar Myanmar ဆိပ်ကမ်းတံတား၌  စားသုံးဆီနှင့် ကောက်ပဲသီးနှံ ကိုင်တွယ်နိုင်မှုနှင့် သင်္ဘောများပေါ်သို့ ပြောင်းဆန်ပို့ကုန်များ တင်ဆောင်နေမှု၊ Thilawa MPA International Terminal (TMIT) ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှု၊ ပိတောက်ရွှေဝါ ကုမ္ပဏီ စက်သုံးဆီ ဆိပ်ခံတံတား၏ စက်သုံးဆီချယူဖြန့်ဖြူးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် သံလျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားရေးဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီသော ရေကြောင်းပညာရပ်များ သင်ကြ

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်းရှိ သီလဝါဆိပ်ကမ်းတံတားများနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၁၁ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်းတံတားများနှင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာန လက်အောက်မှ ဦးစီးဌာနများကို လှည့်လည်ကြည်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း-သီလဝါ (Myanmar International Terminal Thilawa- MITT) သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်က သီလဝါဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ MITT ဆိပ်ကမ်းနှင့် အခြား ဆိပ်ကမ်းတံတား ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေကြောင်းကုန်သွယ်မှုသည် နိုင်ငံ့လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောရိုးမဏ္ဍိုင်ဖြစ်၍ ရေကြောင်းကုန်သွယ်မှုများ လွယ်ကူအဆင်ပြေချောမွေ့စေရန် အစိုးရဌာန အဖွဲ့အစည်းများက လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပံ့ပိုးပေးနေသကဲ့သို့ ဆိပ်ကမ်းအာဏာပိုင်နှင့်အတူ လက်တွဲဝန်ဆောင်မှုပေးနေကြသည့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာသုံးသပ်ပြီး အစိုးရ-ပုဂ္ဂလိက အကျိုးမျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်ကြရန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေး သည်။

ဆက်လက်၍ MITT ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှုနှင့် ဆိုက်ကပ်လာသည့် သင်္ဘောများပေါ်မှ ဓါတ်မြေဩဇာများချယူနေမှု၊ Wilmar Myanmar ဆိပ်ကမ်းတံတား၌  စားသုံးဆီနှင့် ကောက်ပဲသီးနှံ ကိုင်တွယ်နိုင်မှုနှင့် သင်္ဘောများပေါ်သို့ ပြောင်းဆန်ပို့ကုန်များ တင်ဆောင်နေမှု၊ Thilawa MPA International Terminal (TMIT) ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှု၊ ပိတောက်ရွှေဝါ ကုမ္ပဏီ စက်သုံးဆီ ဆိပ်ခံတံတား၏ စက်သုံးဆီချယူဖြန့်ဖြူးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် သံလျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားရေးဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီသော ရေကြောင်းပညာရပ်များ သင်ကြားပို့ချ၊ လေ့ကျင့်ပေးနိုင်ရေး၊ တက္ကသိုလ်သို့ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ နေထိုင်မှု၊ သင်ကြားမှု၊ လေ့ကျင့်မှုတို့တွင် အဆင်ပြေချောမွေ့စေရေး၊ အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝသည့် အနာဂတ် မျိုးဆက်သစ်များအဖြစ် ပျိုးထောင်ပေးနိုင်ရေးကို မှာကြားပြီး တက္ကသိုလ်၏ ခေတ်မီစာကြည့်တိုက်၌ စီစဉ်ပေးထားသော e-Libruary စနစ်၊ စာအုပ်စာတမ်းများ ထိန်းသိမ်းကိုင်တွယ်မှုစနစ်များနှင့် ရေကြောင်းဆိုင်ရာလေ့ကျင့်ရေး Simulator ခန်း၏ လက်တွေ့လေ့ကျင့်သင်ကြားမှု စနစ်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် ရန်ကုန်မြို့၌အခြေစိုက်သော ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးစိတ်ဓါတ်ကိုအခြေခံပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရေး၊ ရုံးခန်းများ၊ ရုံးအဆောက်အဦနှင့် ရုံးပတ်ဝန်းကျင်တို့ကို သန့်ရှင်းသပ်ရပ်၊ စနစ်တကျရှိစေရေး၊  မျိုးဆက်သစ် ဝန်ထမ်းငယ်များကိုလည်း ဌာန၏ ဘာသာရပ်ဆိုင်ရာ စာတမ်း၊ စာပေများကို ဖတ်ရှု၊ လေ့လာ ဆည်းပူးမှတ်သား၍ အရည်အချင်း ပိုမိုပြည့်ဝသူများဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရေး၊ ဌာန၏လုပ်ငန်းတာဝန်များကို အဖွဲ့စနစ် (Team Work) ဖြင့် ဖြေရှင်းဆောင်ရွက်တတ်စေရေးတို့ကို မှာကြားသည်။  

ထိုမှတစ်ဆင့် ဗိုလ်တထောင်မြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက Integreted Vessel Monitoring and Tracking System ဆိုင်ရာ တင်ပြမှုအပေါ် အခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကျိုးရှိစွာအသုံးချရေးမှာကြားပြီး ဝန်ထမ်းများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်သည်။ 
 
ဆက်လက်၍ ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အဦနှင့် ရုံးခန်းများ၊ ပုဇွန်တောင်ချောင်းကမ်းပါးတွင် ဌာနပိုင် ရေကြောင်းပြ ရေယာဉ်များနှင့် သောင်တူးသင်္ဘောများ လွန်းတင်ပြင်ဆင်နိုင်ရေး တိုးချဲ့တည်ဆောက်နေသည့် ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်လွန်းကျင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်
 
ားပို့ချ၊ လေ့ကျင့်ပေးနိုင်ရေး၊ တက္ကသိုလ်သို့ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ နေထိုင်မှု၊ သင်ကြားမှု၊ လေ့ကျင့်မှုတို့တွင် အဆင်ပြေချောမွေ့စေရေး၊ အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝသည့် အနာဂတ် မျိုးဆက်သစ်များအဖြစ် ပျိုးထောင်ပေးနိုင်ရေးကို မှာကြားပြီး တက္ကသိုလ်၏ ခေတ်မီစာကြည့်တိုက်၌ စီစဉ်ပေးထားသော e-Libruary စနစ်၊ စာအုပ်စာတမ်းများ ထိန်းသိမ်းကိုင်တွယ်မှုစနစ်များနှင့် ရေကြောင်းဆိုင်ရာလေ့ကျင့်ရေး Simulator ခန်း၏ လက်တွေ့လေ့ကျင့်သင်ကြားမှု စနစ်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။ 