နေပြည်တော် မေ ၆
နိုင်ငံတော်ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်း မိသားစုဝန်ထမ်းအိမ်ရာသစ်နှင့် သီရိအဏ္ဏဝါ ခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် ဌာနမြေတွင် အသစ်ဆောက်လုပ်ပြီးစီးနေသည့် စက်ဆန်းမိသားစု ဝန်ထမ်းအိမ်ရာသစ်သို့ ရောက်ရှိပြီးအိမ်ရာဖွင့်ပွဲ အခမ်းအနားမုဒ်ဦး နေရာ၌ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့ဆိပ် ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဧည့်သည်တော်များနှင့်အတူ (၈)ခန်းတွဲ၊ (၆)ထပ် အဆောက်အဦသစ် (၂)လုံး၊ အရာထမ်း/အမှုထမ်း လူပျိုဆောင် အဆောက်အဦသစ် (၂)လုံး၊ ဘက်စုံသုံးခန်းမဆောင်သစ် (Multi-Function Assembly Hall) အဆောက် အဦး (၁)လုံးနှင့် ဝန်ထမ်းမိသားစုဆေးခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ သီရိအဏ္ဏဝါခန်းမဆောင်သစ်နှင့် အိမ်ရာသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သီရိအဏ္ဏဝါခန်းမသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့နှင့် အတူ ခန်းမသစ်ရှိ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် မိခင်ဌာနအ နေဖြင့် ဝန်ထမ်းများ၏ နေထိုင်မှုအဆင်ပြေစေရေး၊ သက်သာချောင်ချိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ ဝန်ထမ်းမိသားစုများအားလုံး တစ်စုတစ်စည်းတည်း စုပေါင်း နေထိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းများဖြင့် ဤသို့သော အဆင့်မြင့်အိမ်ရာများ စီစဉ်ဆောင်ရွက်ထားမှုအတွက် ဝန်ထမ်းများကလည်း မိခင်ဌာန အပေါ်တွင် ဂုဏ်ယူ၊ သစ္စာရှိ၊ သံယောဇဉ်ထားကြပြီး ပေးအပ်သည့် တာဝန်ဝတ္တရားများကို အားသွန်ခွန်စိုက် စေတနာပြည့်ဝစွာဖြင့် ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန် ထမ်း သစ္စာအဓိဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)စသည့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ကျင့်ကြံသွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေမြောက်များစွာ ကုန်ကျခံ တည်ဆောက် စီစဉ်ပေးထားခြင်းဖြစ်သောကြောင့် ဤဝန်ထမ်းအိမ်ရာတစ်ခုလုံးနှင့်ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ အောင်၊ အစဉ်အမြဲသန့် ရှင်းသာယာလှပနေအောင် အားလုံးကတက်ညီလက်ညီဖြင့် ထိန်းသိမ်း စောင့်ရှောက်သွား ကြရန်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာ၊ ဘက်စုံသုံးသီရိ အဏ္ဏဝါ ခန်းမတို့နှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းတင်ပြပြီး တည်ဆောက်ရေး မှတ်တမ်းတင် Video Clip ပြသသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ စက်ဆန်းမိသားစုဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းကို (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယနေ့ဖွင့်လှစ် သည့် အဆောက်အဦများအပါအဝင် လူနေအဆောက်အဦ (၁၂) လုံး၊ အိမ်ခန်း (၄၅၆) ခန်း၊ ဘက်စုံသုံးခန်းမ (၁) ခုနှင့် မိသားစုဆေးခန်း (၁) ခန်းတို့ပါရှိကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ဘူတာ ကြီးဝန်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံသို့ ရောက်ရှိပြီး စက်ခေါင်းရုံအတွင်း၌ West Corporation က ပြုပြင်လွှဲပြောင်းပေးအပ်ထားပြီးဖြစ်သည့် RBE (၈)တွဲအား အသုံးပြုနေမှုနှင့် လွှဲပြောင်းပေးအပ်ရန်ကျန်ရှိနေသည့် RBE (၇)တွဲတို့အား မွမ်းမံပြင်ဆင်မှုနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်အချိန် ဇယားနှင့်အညီပြီးစီးရေး၊ တွဲများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ခုတ်မောင်းပြေးဆွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည် အသုံးပြုနိုင်ရေးလိုအပ်သည့် ရထားခရီးစဉ် များတွင် အင်အားဖြည့်တင်းသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်ကိစ္စများကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီး၊ ဧည့် ခန်းမဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအကြီးအမှူးများကို တွေ့ဆုံ၍ ဘင်္ဂလား ပင်လယ်အော်၌ မကြာမီဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန် တိုင်း၏အခြေအနေသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်လျက် ဝန်ထမ်းများထံသို့ သတင်းမှန်များ အချိန်နှင့်တပြေးညီ ရောက်ရှိစေရေး၊ မိမိဌာန၏ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအပေါ် ထိခိုက်လာနိုင်ခြေများကို ကြိုတင်သုံး သပ်လျက် အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားနိုင်ရေး၊ လေယာဉ်၊ ရေယာဉ်၊ ရထား ခရီးစဉ်များ ပြေးဆွဲမှုကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲစီမံနိုင်ရေး၊ လေယာဉ် များကို မုန်တိုင်းလွတ်ကင်းရာ လေယာဉ်ကွင်းနေရာများသို့ ယာယီ ရွှေ့ပြောင်းရပ်နားနိုင်ရေး၊ ဌာနပိုင် ရေယာဉ်များအား အနီးစပ်ဆုံး ဆိပ်ကမ်းနှင့် သင်္ဘောကျင်းများတွင် အချိန်မီ စနစ်တကျ လွန်းတင်ကမ်းထိုးရပ်နားထိမ်းသိမ်းနိုင်ရေး၊ ရထားစက်ခေါင်း၊ လူစီးတွဲ၊ ကုန်တွဲများ လေပြင်းဒဏ်ကြောင့် လိမ့်ထွက်ကာ ရထားမတော်တဆမှုများ မဖြစ်ပေါ် အောင် သတ်မှတ်ထားသည့် ထိန်းသိမ်းမှုနည်းစနစ်အတိုင်း လိုက်နာဆောင်ရွက်ရေး၊ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုဖြစ်ပေါ်ပါက အမြန်ဆုံးပြန် လည်ချိတ် ဆက်နိုင်ရန်အတွက် အရန်ဆက်သွယ်ရေးစနစ်များ စီစဉ်ထားရှိရေး၊ သဘာဝဘေး အန္တရာယ်ကြုံတွေ့လာရပါက ဌာနအချင်းချင်း ထိရောက်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်