နေပြည်တော်၊ ဇန်နဝါရီ ၂၂
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် အိမ်ရှင်ယူဂန်ဒါသမ္မတ နိုင်ငံ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဇန်နဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


