နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲသည့် နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲ များဖြစ်သည့် Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ တက်ရောက်ကြသည်။
သတင်းစဉ်