နေပြည်တော် ဇူလိုင် ၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေသည် တိုကျိုမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒ ရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ် ကိုယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား တိုကျို မြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မစ္စတာ ဒါဘာ ဒက်ဘ်အီးလ်ဟွန်းဒ်က ၎င်း၏ သံအမတ် ခန့်အပ်လွှာမိတ္တူကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးထံသို့ပေးအပ်သည်။
ဆက်လက်၍ မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ ရေး၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
ထိုပြင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည်လည်း မြန်မာနိုင်ငံဆိုင်ရာ အီသီယို ပီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ် အား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။
(သတင်းစဉ်)


