နေပြည်တော်    ဩဂုတ်   ၂၃

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး          ဦးသန်းဆွေသည်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာ မက် မွန်(န)ဝါ ဟူစိန် အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလား ဒေ့ရှ်   နှစ်နိုင်ငံအကြား   ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့်  ဆက်ဆံ ရေး      ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊    ခရီးသွားလာရေးနှင့် ပြည်သူချင်း    ထိတွေ့ဆက်ဆံမှု ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်