နေပြည်တော် ၃၁ ဇန်နဝါရီ
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်း အဝေးနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင် အထည်ဖော်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပသည်။
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်း အဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေး မြှင့်တင်ရေး လုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများဆောင်ရွက် ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် စီးပွားရေးလုပ်ငန်းရှင် များက တင်ပြသည့် အခက်အခဲများကို Public-Private Dialogue ပြုလုပ်၍ ဖြေရှင်း ဆောင်ရွက်ပေးခြင်း မူဘောင်နှင့် လုပ်ငန်းစီမံချက်၏ (ကာလတို/ ကာလလတ်/ ကာလရှည်) လုပ်ငန်းများအား အကောင်အထည်ဖော်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့် တင်ရေး လုပ်ငန်းကော်မတီက ဦးဆောင်ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ အကူအညီဖြင့် Export Development Board တည် ထောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာကို နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာနက EU အထောက်အပံ့ဖြင့်ဆောင်ရွက်မည့် Arise Plus စီမံကိန်းအစီအစဉ်နှင့် ချိတ်ဆက်ပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်ကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍနှင့် ပျားရည်ကဏ္ဍတို့၏ Value Chain Analysis များ ပြုလုပ်ခြင်းနှင့် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ ဖော်ထုတ်ချမှတ်ခြင်း တို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အမျိုးသား ပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးသည် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀ - ၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း အခမ်းအနားသို့ တက်ရောက် ၍ ၌ အမှာစကားပြောကြားပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး ကော်မတီဝင်များက ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်


