တောင်ကြီး မတ် ၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အတူ ယမန်နေ့ နံနက်ပိုင်း က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်း ရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ပြီးစီးမှုကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ မြေညီထပ်ရှင်းလင်းဆောင်တွင် အဆောက်အဦကို တာဝန်ယူတည်ဆောက်နေသည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်သွားရန် အရည်အသွေး ပြည့်မှီအောင် တည်ဆောက်သွားရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦတည်ဆောက် ပြီးစီးမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီ ဝန်ထမ်းများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်