နေပြည်တော်၊ ဒီဇင်ဘာ ၃

 

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ တည်းခိုရေးစခန်းသို့ သွားရောက်ကာ တိုင်းဒေသကြီးပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ၊ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများ တည်းခိုနေထိုင်မှုနှင့် ဧည့်ခံကျွေးမွေးမှု အဆင်ပြေစေရေး လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဆပ်ကော်မတီဥက္ကဌ ဒုတိယဝန်ကြီးသည် တည်းခိုနေထိုင်ကြသည့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ၊ ဖျော်ဖြေရေးအဖွဲ့များအား ဧည့်ခံကျွေးမွေးနေမှုအခြေအနေ၊ အစားအစာ များ ချက်ပြုတ်ပြင်ဆင်နေမှု အခြေအနေများကို လှည့်လည်ကြည့် ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားသည်။

 

င်းနောက် တည်းခိုရေးစခန်းအတွင်းဖွင့်လှစ်ထားသည် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် သေးစားအငယ်စားနှင့် အလတ်စားစီပွားရေးလုပ်ငန်းများမှ ဒေသထွက်ကုန် အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုပြီး စားသောက်ဆိုင်များတွင် သန့်ရှင်းလတ်ဆတ်သည့် အစားအစာများ၊ ကျန်းမာရေး နှင့် ညီညွတ်သည့် အစားအစာများကိုသာ ရောင်းချရန်၊ ရောင်းမကုန်သည့် တစ်ရက်အတွင်း စားသုံးရမည့် အစားအစာများကို နောက်ရက်တွင် ပြန်လည်ရောင်ချခြင်းမပြုရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်သိမ်း ဆည်းခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ နည်းပြများ တည်းခိုနေထိုင်သည့် အဆောင်များ အိပ်ခန်းများဆေးကုသမှုခံယူနိုင်ရန် ဖွင့်လှစ်ထားသည့် ဆေးခန်းများ၊ အိပ်ဆောင်များ ပတ်ဝန်ကျင်သန့်ရှင်ရေး ဆောင်ရွက်ထားမှုများနှင့် ရေသန့်စင်စက်များဖြင့် သုံးရေများသန့်ရှင်းအောင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားကာ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပါကြောင်း သိရသည်။

(သတင်းစဉ်)