နေပြည်တော် ဒီဇင်ဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် သည် ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး မှော်ဘီမြို့နယ် ဦးစီး မှူးရုံး၌ e-ID စနစ်ဖြင့် Biographic Data နှင့် Biometric Data များကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာ ရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မှော်ဘီခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော် အတွက်လက်ရှိ ဦးစားပေးလုပ်ငန်းများဖြစ်သည့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင် ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဥပဒေနှင့် အညီ ထုတ်ပေး ခြင်း၊e-ID စနစ်အတွက် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူကာ Unique ID နံပါတ်ထုတ် ပေးခြင်း၊မဲစာရင်း တိကျမှန်ကန်စွာ ပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း၊ ပြည်လုံး ကျွတ်လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင် စာရင်းကောက်ယူခြင်း စသည့်လုပ် ငန်းများကို ဒေသအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များကို နှိုင်းယှဉ်သုံးသပ် အတည်ပြုကာ တိကျမှန်ကန်သည့် မဲစာရင်းပြု စုဆောင်ရွက်သွားမည့် အခြေအနေ၊ဌာန၏ လုပ်ငန်း ဆောင်ရွက်မှုအားလုံးကို တည်ဆဲဥပဒေ၊နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


