မန္တလေး ၁၄ မတ်
ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ ပိုင်ရှင် ဦးဇော်မိုးလွင်၏ ၂၀×၂၀ ပေ သွပ်မိုး၊ ထရံကာ၊ ၂ ထပ်နေအိမ်အတွင်း ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ဝါးထရံအနီး ဒယ်နီအိုးဖြင့် ဆိတ်သားဟင်းတည်ထားခဲ့ရာမှ ဒယ်နီအိုးအပူလွန်ကဲပြီး ဝါးထရံသို့ မီးကူးဆက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၄၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ သန္ဓေ ၇၀ ဦး၊ အရန် ၁၅၀ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၁၈ စု၊ ကျား ၃၉ ဦး၊ မ ၃၄ ဦး စုစုပေါင်း ၇၃ ဦးတို့အား ကျေးရွာမူလတန်းကျောင်းတွင် ယာယီစခန်းဖွင့်လှစ်ထားရှိကြောင်း၊ မီးပေါ့ဆသူ ပိုင်ရှင် ဦးဇော်မိုးလွင်အား ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
