မြစ်ကြီးနား  ၁၂   ဒီဇင်ဘာ

 

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ရုံးသုံးအခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ်(၁)သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ကွန်ပျူတာတက္ကသိုလ် စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် အရည်အသွေးပြည့်ဝသော ICT ကျွမ်းကျင်သည့် နိုင်ငံ့ဝန်ထမ်းများအား မဖြစ်မနေ လိုအပ်လာမှာဖြစ်ပါကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် စကားအတိုင်း ဝန်းထမ်းများဟာ အဖက်ဖက်မှ အရည်အချင်း တိုးတက်လာမှသာ နိုင်ငံတော်အတွက် အားထားရသည့် ဝန်ထမ်းကောင်းတွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

45

 

ယင်းနောက် ပြည်နယ်ဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ရာ သင်တန်းသား/ သူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့ပြီး သင်တန်းသား/သူများ ကိုယ်စား ဦးကျော်ကျော်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကို ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား နိုဝင်ဘာ(၁၂)ရက်နေ့မှ ဒီဇင်ဘာ (၇)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီး၊ ကွန်ပျူတာတက္ကသိုလ်မှဒုတိယ ပါမောက္ခချုပ် ဒေါင်တာသန်းနိုင်စိုးနှင့် နည်းပြဆရာ/ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည် တော်များ၊ သင်တန်းသား/ သင်တန်းသူ ၄၀ နှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ 

 

ဇွဲသူရအောင် (ပြန်/ဆက်)