နေပြည်တော် ၂၃ မတ်

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ E-Government လုပ်ငန်း ကော်မတီမှ အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း တို့ ဦးဆောင်သည့် E-Government လုပ်ငန်းကော်မတီသည် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကော်မရှင်၏ E-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကော်မရှင်ရုံးလုပ်ငန်းများကို Smart Office အဖြစ်သို့ ပြောင်းလဲနိုင်ရေး၊ E-Library စနစ်အကောင်အထည်ဖော်နိုင်ရေး၊ ကော်မရှင်ဝန်ထမ်း များအတွက် IT သင်တန်းများ ပို့ချနိုင်ရေးနှင့် ကော်မရှင် Website အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ ပညာရှင်များ၏ အကြံပြုချက်များကို ရယူဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်