ပေါက်ခေါင်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းနယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အချက်အလက်များအား e-ID ကွန်ပျူတာဆော့ဖ်ဝဲ ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိုး၊ ဌာနဆိုင်ရာအသီးသီးမှ ဂုဏ်ပြုခံဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုဧည့်ခံပွဲတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးက ကျေးဇူးတင်စကားပြောကြားကာ ပါဝင်ဆောင်ရွက်သည့် ဌာနဆိုင်ရာများကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)