ရန်ကုန် ၁၉ ဇွန် 

ရန်ကုန်မြို့တွင်း ခရီးစဉ်အကွာအဝေးပေါ်မူတည်၍ ငွေဖြတ်တောက်မည့် E-Ticket စနစ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်အောင် ပထမဦးစားပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။ 

 

4043

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရုံးတွင် ယနေ့ပြုလုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် တွဲဖက်အတွင်းရေးမှူးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ E-Ticket အသုံးပြု သည့်အခါ ငွေကြေးဖြတ်တောက်မှုစနစ်နှင့် ပတ်သက်၍ ၄င်းကဆက်လက်ပြောကြားရာတွင် “ဒီစနစ်ကြီးတစ်ခုလုံးကို တပ်ဆင်တဲ့အခါမှာ ကျွန်တော်တို့ အခုမျှော်မှန်းထားတာက Distant Pay အကွာ အဝေး စီးနင်းမှုအပေါ်မှာ မူတည်ပြီးတော့ ဒီငွေကိုဖြတ်မှာ။ ဒါက ပိုပြီးအရေးကြီးသွားတယ်။ ဒါက စက်တပ် ရင် နှစ်လုံးတပ်ရမယ်။ အတက်မှာ ဒီကတ်ပြားတစ်ခုကို သုံးမယ်။ တက်တက်ချင်း သူ့ကိုမှတ်ပုံတင်တာ သည် ဘဏ်အထိဒီနံပါတ်နဲ့ သူသည်သွားနေရမယ်။ ဘာကြောင့်လဲဆိုရင် သူ့ငွေဖြတ်တော့မှာလေ။ သူစီး သွားပြီး ဆင်းတဲ့အခါမှာ ဆင်းပြီဆိုတဲ့ဟာကို စက်မှာ မှတ်ပုံတင်ရမယ်။ အဲဒီ အကွာအဝေးပေါ်မှာ မူတည်ပြီး တော့ နည်းပညာအရ သတ်မှတ်ထားတဲ့ ငွေကိုဖြတ်တောက်ပြီး ယူရမှာ။ ဒါကြောင့် ဒီအချက်တွေက သိမ် သိမ်မွေ့မွေ့နဲ့ မှန်မှန်ကန်ကန် လုပ်ရမယ့်အချက် မှားယွင်းသွားလို့ မရဘူး” ဟု ပြောကြားသည်။

အဆိုပါစနစ်အား အကောင်အထည်ဖော်ရာတွင် နည်းပညာများ၊ ဌာနဆိုင်ရာများနှင့် ဥပဒေဆိုင်ရာအပိုင်း များပါဝင်သောကြောင့် လိုအပ်သော သဘောတူညီမှုများ၊ တွက်ချက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စက်များတပ်ဆင်ရာတွင် ရှေ့ပြေးအနေဖြင့် အစိုးရမှ ရှယ်ယာထည့်ဝင်ထားသော ကားများနှင့် ကုမ္ပဏီပိုင် ကားများဖြစ်သော ကားအစီးရေ ၂၀ဝ၀ တွင် စတင်တပ်ဆင်အသုံးပြုရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်သူများလက်တွင်း ကတ်များမပြန့်မီအချိန်အထိ ငွေပုံးစနစ်ကို ဆက်လက်ထားရှိပေးမည်ဖြစ်ပြီး  ဘတ်စ် ကား အဆင့်မြင့်မှတ်တိုင်များအနီး၌လည်း ကတ်များရောင်းချသွားရန် စီစဉ်လျက်ရှိကာ ကတ်အသုံးပြု၍ ခရီးသွားမည့်သူများအတွက် အလွယ်တကူ ဝယ်ယူရရှိနိုင်အောင် စီမံဆောင်ရွက်ထားကြောင်း သိရသည်။ 

ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း