၈ စက်တင်ဘာ

 

 

ဗြိတိန်အစိုးရက ဂရိကျွန်းစု ခုနှစ်ခုကနေ ဗြိတိန်နိုင်ငံကို လာရောက်မယ့် သူတွေကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် သီးခြားစောင့်ကြည့်မှုအောက်မှာ သီတင်း နှစ်ပတ် ထားရှိမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

အစိုးရရဲ့ အခုလို ပြဋ္ဌာန်းလိုက်တဲ့ စည်းမျဉ်းကြောင့် EasyJet လေကြောင်းလိုင်းက လေကြောင်း ခရီးစဉ်တွေ လျော့ချသွားမယ်။ ဒါပေမယ့် ခရီးသွားတွေရဲ့ သွားလာရေးကို လေ့လာနေကြောင်းနဲ့ သွားလာမှု များလာရင် ခရီးစဉ်တွေကို ပြန်လည် ပြောင်းလဲမယ့်လို့ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

စီစဉ်ထားတဲ့ ခရီးစဉ်တွေရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးသာ လက်ရှိ ဒုတိယ သုံးလတွင် ပျံသန်းမယ်လို့ သိရပါတယ်။

 

 

ဗြိတိန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ဂရိကျွန်းစု ခုနှစ်ခုမှ လာရောက်မယ့် သူတွေဟာ သီတင်းနှစ်ပတ်တိတိ ကိုယ့်အစီအစဉ်နဲ့ ကိုယ် သီးခြား နေထိုင်ရမှာ ဖြစ်ကြောင်းနဲ့ အဲဒီအမိန့်ဟာ  ဗုဒ္ဓဟူးနေ့ နံနက် ၃ နာရီကနေ စတင်သက်ဝင်မှာဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ ဉရောပမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံး နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၅၀,၁၀၀ ဦးနဲ့ သေဆုံးသူ ၄၁,၅၅၄ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP