Endocrine system ဆိုတာက သိပ်မရင်းနှီးနိုင်တဲ့ စကားရပ်ဖြစ်နေနိုင်ပါတယ်။ ဒီမရင်းနှီးသေးတဲ့ စနစ်လေး က ဘာလဲ၊ ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ဆောင်ပေးနေလဲ ဆိုတာကို မသိချင်ဘူးလား။
ခန္ဓာကိုယ် ကျန်းမာပြီး ရောဂါကင်းဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဒီစနစ်က ဘာလဲ။ ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ပေးသလဲ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။
Endocrine system (ဟော်မုန်းစနစ်)ဆိုတာ ဘာလဲ ………………
Endocrine system ဆိုတာက ကိုယ်တွင်းက ဂလင်းတွေ စုဖွဲ့ထားတဲ့ စနစ်တစ်ရပ်ပါ။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ဆဲလ်တွေကို ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အားလုံး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အားလုံးအတွက် တာဝန်ရှိတဲ့ စနစ် တစ်ရပ်ပါ။ဒီစနစ်က ဂလင်းတွေကို စုစည်းထားပြီး ဟော်မုန်းတွေကို ထုတ်လုပ်ပေးမှုနဲ့အတူ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးတယ်။ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတယ်။ တစ်ရှူး တွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို အားဖြည့်ပေးတယ်။ မျိုးပွားနိုင်စွမ်းကို ထောက်ပံ့ပေးတယ်။ အိပ်ပျော်စေတယ်။ စိတ်ခံစားမှုကို ထိန်းညှိပေးတယ်။
Endocrine System (ဟော်မုန်းစနစ်)မှာ ဘာတွေပါလဲ …………..
ခန္ဓာကိုယ်အတွက် အရေးပါတယ်လို့ပြောရတဲ့ endocrine system မှာ
• pituitary ဂလင်းတွေ
• သိုင်းရွိုက် ဂလင်းတွေ
• parathyroid ဂလင်းတွေ
• adrenal ဂလင်းတွေ
• ပန်ကရိယ
• အမျိုုးသမီးတွေမှာဆိုရင် သားဥအိမ်
• အမျိုးသားတွေမှာဆိုရင် ဝှေးစေ့ စတာတွေ ပါဝင်နေပါတယ်။
Endocrine System (ဟော်မုန်းစနစ်) က ဘာတွေလုပ်ပေးလဲ …………………..
ကိုယ်တွင်းက endocrine system က
• စိတ်ခံစားမှုကို ထိန်းညှိပေးဖို့၊ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စေဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့၊ ကိုယ်အင်္ဂါတွေ ကျန်းမာစေဖို့ နဲ့ မျိုးပွားနိုင်စေဖို့ ထိန်းကွပ်ပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတယ်။
• ဟော်မုန်း ထွက်ရှိမှုကို ထိန်းညှိပေးတယ်။
• ဟော်မုန်းတွေကို သွေးကြောကနေတဆင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ရောက်ရှိစေဖို့ သွေးကြောတွေထဲကို ဟော်မုန်းတွေ ရောက်ရှိစေတယ်။
Endocrine System မကျန်းမာရင် ဘာတွေ ခံစားရနိုင်လဲ …………….
တကယ်လို့ endocrine systemက မကျန်းမာဘူးဆိုရင်
• ကြီးထွားဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်တာ ( အပျိုဖော်၊ လူပျိုဖော်ဝင် နောက်ကျတာ/ စောတာ)
• ကိုယ်ဝန်ရရှိဖို့ ခက်တာ
• မျိုးမအောင်တာ
• စိတ်ဖိစီးတာ
• စိတ်ခံစားမှု ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာ
• ကိုယ်အလေးချိန် အတက်မြန်တာ
• ကိုယ်အလေးချိန် ကျတာ
• နှလုံးခုန် မြန်တာ
• နှလုံးခုန် နှေးတာ
• အိပ်မပျော်တာ
• အဆစ်တွေ နာကျင်တာ
• ကြွက်သားတွေ ကိုက်ခဲတာ
• အရိုး အားနည်းတာ
• အားမရှိသလို ခံစားရတာ
• သွေးတွင်းသကြားဓာတ် တအားများတာ
• အမျိုးအစား (၂) ဆီးချိုရောဂါတွေ ခံစားရနိုင်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn ၊ ရေးသားသူ Aye Thi Mon
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”