ဂျပန်နိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ ဧပြီလအတွင်း စံချိန်တင်ခဲ့သည်။ သို့သော်လည်း နှစ်အလိုက် တိုးတက်မှုနှုန်းများနှင့် ယှဉ်လျှင် အလယ်အလတ်ဖြစ်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွား ၂ဒသမ ၉၂ သန်းကျော် လာရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံ အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့က ခန့်မှန်းထားသည်။ ယင်းပမာဏမှာ ပြီးခဲ့သည့်တစ်နှစ်ကထက်က ဝဒသမ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံပြည်မကြီးမှ လာရောက်သည့် ခရီးသွားအရေအတွက်မှာ ၆ဒသမ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ဧပြီလအတွင်း အီစတာပွဲတော်ကျရောက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက လာရောက်သည့် ခရီးသွားအရေအတွက်မှာ ၁၅ဒသမ ၅ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
သို့သော်လည်း ထိုင်ဝမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားဝင်ရောက်မှုသည် ၁၀ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ဧပြီလနှောင်းပိုင်းတွင် စတင်ခဲ့သည့် ဂျပန်နိုင်ငံ၏ ၁၀ရက်ကြာ အားလပ်ရက်များအတွင်း ခရီးသွားဝင်ရောက်မှု အနည်းငယ်တိုးတက်လာခဲ့ကြောင်း ခရီးသွားလုပ်ငန်းတာဝန်ရှိသူက ပြောကြားသည်။
အားလပ်ရက်အတွင်း ဂျပန်ခရီးသွားများ ပြည်ပသို့သွားရောက်နေခြင်းကြောင့် ပြည်ပခရီးသွားများအနေဖြင့် လေယာဉ်လက်မှတ် ကြိုတင်မှာရဖွယ်မရှိကြောင်း ၎င်းတို့က ပြောသည်။ အချို့ ကမ္ဘာလှည့် ခရီးသွားများသည် လူစည်းကားရာ နေရာများကို ရှောင်ရှားကြသည်။
၁၀ရက်ကြာမြင့်ခဲ့သည့် ပိတ်ရက်ရှည်များကြောင့် ခရီးသွားလုပ်ငန်းကို အကျိုးသက်ရောက်ဖွယ်ရှိကြောင်း ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီအကြီးအကဲ ဟီရိုရှီတာဗဒါက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်