နေပြည်တော် ၂၀ မေ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်မှ ဧရာနဒီရေပေးဝေရေး သမဝါယမအသင်းသည် ကိုဗစ်-၁၉ ကာလအတွင်း ဒေသခံပြည်သူများသုံးစွဲမည့် ရေအဆင်ပြေစေရေးအတွက် အိမ်ခြေ ၂၀၀၀၀ ဝန်းကျင်ရှိ ရေတိုင်(၂၃၃)တိုင်အား (၁)တိုင်လျှင် ရေပေးဝေချိန် (၁)နာရီကြာမြင့်ပြီး တစ်လလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ လက်တွန်းရေစည် (၁)စည်လျှင် ကျပ် ၃၀၀ နှုန်းဖြင့်လည်းကောင်း၊ နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ နေ့စဉ် မြစ်ရေတင်ရေပေးဝေ ဝန်ဆောင်မှုပေးလျက်ရှိပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ စနစ်တကျ ဖြန့်ဖြူးပေးမှုရှိ/မရှိကို တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းအသင်းစုချုပ်တို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


