ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိခြင်း

နေပြည်တော် ၂၆ ဧပြီ

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်(ရေ)တို့မှ ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်ဖော်ထုတ်ရှာဖွေဖမ်းဆီးရေးဆောင်ရွက်လျက်ရှိရာ ဧပြီ-၂၂  မှ ၂၄ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်အတွင်း စက်လှေ(၂)စီးပေါ်မှ တရားမဝင် အခြားသစ်ခွဲသား (၁၄)တန်ခန့်နှင့်အတူ ကျူးလွန်သူ (၅)ဦး ဖမ်းဆီးရမိခဲ့သည်။

 

1

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီး-ဇောင်းတူကားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၃)ဘယ်ဘက်(၁)မိုင်ခန့်အကွာ တောစပ်အတွင်း တရားမဝင်ပျဉ်းကတိုး/ တောင်သရက်/တောင်ပိန်းခွဲသား (၈ ဒသမ ၅၉၇၄)တန်နှင့် တရားမဝင်သစ်စက် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ဖောင်းပြင်-ပင်လည်ဘူးသွားကားလမ်းဘေး၊ ဖောင်းပြင်-ပင်လည်ဘူးနယ်စပ်နေရာမှ တရားမဝင်သစ် တမလန်း ဓါးရွေ (၇ ဒသမ ၄၄၃၈)တန်အား လည်းကောင်း၊ မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း အကွက်အမှတ်(၁၃၂)နှင့် (၁၃၀)အတွင်း တရားမဝင်သစ်ကျွန်း/ပျဉ်းကတိုး(၁၁၀)လုံး/ခွဲ (၁၅ ဒသမ ၉၅၇၈) တန်အားလည်းကောင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းရွာအရှေ့ဘက်၊ ချင်းတွင်းမြစ်ဘေးနေရာနှင့် မြို့သစ်ကျေးရွာမြောက်ဘက် ဘလပ်ချောင်းနေရာတို့မှ တရားမဝင်အင်/သစ်ယာ (၁၅ ဒသမ ၄၂၈၂)တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပက်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

1

 

1