နေပြည်တော် စက်တင်ဘာ ၁
မြန်မာနိုင်ငံ၌ ဧရာဝတီလင်းပိုင်းလေ့လာ ကြည့်ရှုသောခရီးသွားလုပ်ငန်းသည် ပြည် တွင်း/ပြည်ပ ခရီးသွားများ နှစ်ခြိုက်သော ဆွဲဆောင်မှုတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရပ်တည် နေကြောင်း နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန သိရသည်။
ဧရာဝတီလင်းပိုင် လေ့လာကြည့်ရှုမှုသည် နှစ်စဉ် ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ဆွဲဆောင်ခဲ့ပြီး အာရှဒေသ၌ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ လင်းပိုင်ကြည့်ရှု အပန်းဖြေမှု အများဆုံးဖြစ်ကြောင်း သိရသည်။
“ပြည်တွင်း/ပြည်ပခရီးသွားတွေကို ဆွဲဆောင်ရာမှာ ဧရာဝတီလင်းပိုင်လည်းပါဝင် ပါတယ်။ မန္တလေး-ဗန်းမော်စင်းလုံးငှားရေယာဉ်ခရီးစဉ်မှာ ဧရာဝတီမြစ်တစ်လျောက် သဘာဝအလှတွေ ကြည့်ရှုအပန်းဖြေမှုနဲ့အတူ ဧရာဝတီလင်းပိုင်ကြည့်ရှုတာလည်း ပါဝင် တယ်။ လင်းပိုင်ကြည့်ရှုဖို့အတွက် သီးသန့်လာကြ တာလည်းရှိတယ်။ ခရီးသွားတွေကြိုက် နှစ်သက်တာက လင်းပိုင်က ရေလုပ်သားရှိတဲ့နေရာကို ငါးအုပ်ကိုမောင်းနှင်ပေးပြီး ပိုက်ကွန်နဲ့ငါးဖမ်းတာကို ခရီးသွားတွေ နှစ်ခြိုက်ကြတယ်။ အထူးသဖြင့်နိုင်ငံခြားသား တွေပါ။ ဒီလိုလုပ်ဆောင်မှုမျိုးဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ထဲက လင်းပိုင်တွေမှာပဲ ရှိတယ်။ အာရှမှာ လင်းပိုင် လေ့လာကြည့်ရှုမှုများတဲ့နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘော ဒီးယားနိုင်ငံ နှစ်နိုင်ငံပဲရှိပါတယ်။ ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုရင် ကမ္ဘောဒီးယား နိုင်ငံထက်ကောင် ရေများလာနိုင်တယ်။ ဗိသာနိုးခေတ်ကတည်းက ဧရာဝတီမြစ်အတွင်း မှာ လင်းပိုင်းတွေ နေထိုင်ကျက်စား ခဲ့ကြောင်းကို သမိုင်းအထောက်အထားတွေရှိခဲ့တဲ့ အတွက် သက်တမ်းရှည်ကြာ နေထိုင်နိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဧရာဝတီလင်းပိုင်ဟာ နိုင်ငံ အတွက် တန်ဘိုးဖြတ်လို့မရတဲ့ ဂုဏ်ယူဖွယ် ရတနာတစ်ပါးဆိုရင်လည်း မမှားပါဘူး” ဟု နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်း ကျင်နှင့်မျိုးသုဉ်းရှားပါး ရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
၂၀၀၂-ခုနှစ်လေ့လာချက်အရ ဧရာဝတီလင်းပိုင်အား မန္တလေးနှင့် ဗန်းမော်မြို့ အကြားတွင် နေထိုင်ကျက်စားခဲ့ရာမှ ၂၀၂၀-ခုနှစ်၌ ပုဂံမြို့အထိလင်းပိုင်ကောင်ရေ အနည်း ငယ်ကျက်စားလာမှုကို ပတ်ဝန်းကျင် နှင့်မျိုးသုဉ်းရှား ပါးရေနေသတ္တဝါများထိန်းသိမ်းရေး ဌာနစုက မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၂၀-ခုနှစ်တွင် ဧရာဝတီမြစ်အတွင်း နေထိုင်မှု ကျယ် ပြန့်ခဲ့ရာ ဒေသခံရေလုပ်သားများ ပူးပေါင်းပါဝင်ထိန်းသိမ်းစောင့်ရှောက်မှုဖြင့် ဧရာဝတီ လင်းပိုင်မျိုး ဆက်ထိန်းသိမ်းမှုသည် လက်ရှိအရေအတွက် ထက်တိုးပွားလာခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံထက် ကောင်ရေများလာနိုင်ကြောင်း သိရသည်။
ဧရာဝတီမြစ်အတွင်း ကျောက်မြောင်းဧရိယာတွင် ကျက်စားနေထိုင်သော လင်းပိုင် များကို ၂၀၀၈-ခုနှစ်မှ စတင်၍ နိုင်ငံခြားသားများ အထူးစိတ်ဝင်တစားလာရောက်ကြည့်ရှု ကြပြီး နိုင်ငံခြားသားဦးရေ ၇၀၀မှ၁၀၀၀ကြား နှစ်စဉ်လာရောက်ကြည့်ရှုခဲ့ ကြောင်း၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ပြီး နောက်ပိုင်း ၂၀၂၀-ခုနှစ်တွင် ဧရာဝတီ လင်းပိုင်သီးသန့်ကြည့်ရှုသော နိုင်ငံခြားခရီးသွား ၁၀၀၀ ကျော် လာရောက်လေ့ရှိပြီး အဆိုပါ ဧရာဝတီလင်းပိုင်ကြည့်ရှုသော နိုင်ငံခြားသားများ တည်းခိုနိုင်ရန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့ ဧရာဝတီမြစ်ဘေး အင်နောင်း ကျေးရွာ၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းမှ နိုင်ငံခြားသားခရီးသွား ၁၂ ဦး တည်းခိုနိုင်သော တည်းခိုဆောင်ဆောက် လုပ်ဖွင့် လှစ်ခြင်း၊ မြစ်အတွင်းလင်း ပိုင်ကြည့်ရှုရန် လှေ၊ စက်လှေငှားရမ်းခြင်းနှင့် ဒေသထွက် ပစ္စည်းများရောင်းချခြင်းတို့ဖြင့် ကျေးလက်လူမှု စီးပွားအတွင် အထောက်အပံ့များရရှိခဲ့ ကြောင်း သိရသည်။
၂၀၀၂-ခုနှစ်မှစတင်၍ ဧရာဝတီမြစ်အတွင်းရှိ လင်းပိုင်များထိန်းသိမ်းကာကွယ်မှုနှင့် စာရင်းပြုစုခြင်းကို မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန က သားငှက်ထိန်းသိမ်းရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မှတ်တမ်းတင်ခဲ့ရာ ကောင်ရေ၆၀ခန့်ကိုစတင်ထိန်းသိမ်းခဲ့ပြီး ၂၀၂၀-ခုနှစ်အထိ ကောင်ရေ၈၀ကျော်ကို ထိန်းသိမ်း ထားလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ လျော့ကျသွားချိန်တွင် ခရီးသွားကဏ္ဍအရှိန်အဟုန်ဖြင့် ပြန် လည်ဦးမော့ လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေနှင့်ဒေသတွင်းဝင်ငွေရရှိစေသော ဧရာဝတီ လင်းပိုင် ကြည့်ရှုသည့်ခရီးသွားလုပ်ငန်းအနေဖြင့် လင်းပိုင်နှင့်ရေလုပ်သားတို့၏ ထူးခြား သော သရုပ်ဖော်ပြသမှုမှ ပြည်တွင်း/ပြည်ပ ခရီးသွားများနှစ်ခြိုက်သော ဝန်ဆောင်မှု တစ်ခုအဖြစ် ဆွဲဆောင်မှုရရှိနေသော ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး ညိမ်းသူ (သတင်းစဉ်)


