စစ်ကိုင်း ၂ ဩဂုတ်

ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးသည် မန္တလေးတိုင်းဒေသကြီး တိုင်းငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးပေါ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးဌာနမှူး ဉီးထွန်းထွန်းဝင်း၊ ခရိုင်မှူး၊ မြို့နယ်မှူးများ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့နှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ (၁) အတွင်း ဧရာဝတီလင်းပိုင် (၀၀၁) ရေယာဉ်ဖြင့် ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြသည်။

 

ကွင်းဆင်းဆောင်ရွက်စဉ်အတွင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ ဘတ္ထရီ‌ရှော့တိုက် ငါးဖမ်းဆီးမှုပပျောက်ရေးတို့အတွက် ရှေ့ဆက်၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များ လမ်းညွှန်မှာကြားခဲ့သည်။ ခရီးစဉ်အတွင်း မြစ်ရေကြီးနေစဉ်ကာလဖြစ်သော်လည်း ဧရာဝတီလင်းပိုင် ၇ ကောင် တစ်အုပ်အား မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာနှင့် မင်းကွန်းအကြား ရေပြင်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- WCS

 

Top of Form