နေပြည်တော်  ၈ ဖေဖော်ဝါရီ 


ရွှေဘိုမြို့နယ် သစ်တော်ဦးစီးဌာနနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့နယ် ဧရာဝတီမြစ်အတွင်း သွားလာနေသည့် မော်တော်(၃)စီးပေါ်မှ တရားမဝင်သစ်များနှင့် တရားခံ ၆ ဦးတို့ကို ဖေဖော်ဝါရီ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အဆိုပါ မော်တော်(၃)စီးပေါ်မှ တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေအောက် ကျွန်းသစ်စုစုပေါင်း ၁၀ ဒသမ ၄၇၂ တန်၊ ထင်း ၂ ဒသမ ၅ တန်ကို ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


မျိုးသူဟိန်း