နေပြည်တော် ၁၇ ဇူလိုင်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဧရာဝတီမြစ်ရေသည် ယနေမွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ကသာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

သပိတ်ကျင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိ ရေမှတ်မှ နောက်(၂)ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ထို့အပြင် ချင်းတွင်းမြစ်ရေသည် ယနေမွန်းလွဲ ၁နာရီခွဲ တိုင်းထွာချက်အရ ခန္တီးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အကြံပြုချက်ထုတ်ပြန်ထားသည်။
MDN