အင်္ဂပူ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာ စက်လှေဆိပ်ကမ်းတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရိုးတစ်လျှောက် စက်လှေ၊ သင်္ဘောများဖြင့် ခရီးသွားပြည်သူများ အသက်အန္တရာယ်ကင်းရှင်းရေး ဇူလိုင် ၆ ရက် နံနက်ပိုင်းက အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ကျိုးနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးလှမြင့်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ယခုအချိန်တွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်များ၌ ရေတက်နေချိန်ဖြစ်၍ စက်လှေ၊ သင်္ဘောများဖြင့် သွားလာနေသည့် ဒေသခံ ခရီးသွားပြည်သူများအနေဖြင့် အသက်အန္တရာယ်ကင်းရှင်းရေး Life Jacket ဝတ်ဆင်အသုံးပြု သွားလာရေး အသိပညာပေးရခြင်းဖြစ်ကြောင်း ညောင်ကျိုးနယ်မြေ မီးသတ်စခန်းမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)