နေပြည်တော်၊ ၃၁ ဒီဇင်ဘာ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃၁.၁၂.၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ရေနည်းမည့် သတိပေးချက်ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင်(၃၇၁)စင်တီမီတာသို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်နောက်(၅)ရက် အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်သို့ ရောက်ရှိနိုင်သည်။
Crd-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


