မြန်အောင် ဇူလိုင် ၃
ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကမ်းပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်း ဧရာဝတီမြစ်ကမ်းဘေးရှိ နေအိမ်(၆)လုံးအား ယနေ့နံနက်က ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။
မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုတာကြီးတန်း ဧရာဝတီမြစ်ကမ်းဘေးရှိ အန္တရာယ်ရှိ နေအိမ်(၆)လုံးတို့အား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်းနှင့် အဆိုပါ မြစ်ကမ်းဘေးနေထိုင်သူများအား ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကမ်းပြိုမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မြစ်ကမ်းအနီးနေထိုင်သူများ ထိခိုက်ဆုံးရှုံးမှုများမဖြစ်စေရန် ကြိုတင်ပြောင်းရွှေ့နေထိုင်သွားရန် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်တို့က အသိပေးပြောကြား၍ လိုအပ်သည်များကူညီပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)