ရွှေကူ သြဂုတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြာင့် ရွှေကူမြို့အတွင်းရှိ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း မြစ်ရေ ဆက်လက်ဝင်ရောက်မှုများ ရှိလာသည့်အတွက် သြဂုတ် ၂၀ ရက် မွန်းလွဲ (၂) နာရီတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးခဲ့ကြကြေင်း သိရှိရသည်။
မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် အမှတ် (၄) ရပ်ကွက်၊ ဘောဂဗလရပ်အတွင်း မြစ်ရေတဖြည်းဖြည်း ဆက်လက်ဝင်ရောက်လျက်ရှိရာ ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် ရေဝင်ရောက်လျက်ရှိသည့် အိမ်ထောင်စု ၉ စု၊ လူဦးရေစုစုပေါင်း ၄၂ ဦးတို့အား ရေဘေးလွတ်ရာ အဆိုပါရပ်ကွက်အတွင်းရှိ သူဋ္ဌေးတောရ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ကယ်ဆယ်ကူညီ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။
ရွှေကူမြို့အတွင်း စိုးရိမ်ရေအမှတ်မှာ (၉၃၀) စင်တီမီတာဖြစ်ပြီး သြဂုတ် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၈၈၅) စင်တီမီတာသို့ မြင့်တက်ရောက်ရှိနေကြောင်း၊ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၄၅) စင်တီမီတာသာ လိုတော့ကြောင်းနှင့် ဒီကနေ့အတွက် ဧရာဝတီမြစ်ရေ မြင့်တက်မှုအခြေအနေမှာ မိုးရာသီကာလ ပုံမှန်မြစ်ရေမြင့်တက်မှု ပမာဏအတိုင်း တစ်ဖြေးဖြေးချင်း မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)


