ထီးချိုင့်  ၁၆  ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင်  နံနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၇၆၃ စင်တီမီတာသို့ ရောက်ရှိနေပြီး ထီးချိုင့်မြို့၏ စိုးရိမ်ရေမှတ်ထက် ၂၃ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်းနှင့် ဧရာဝတီမြစ်ရေတိုးမှုကြောင့်ထီးချိုင့်မြို့နယ်ရှိရပ်ကွက်/ကျေးရွာများမှထပ်မံတင်ပြလာသည့် ရေဘေးရှောင်ယာယီကယ်ဆယ်ရေး စခန်းနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့ ခိုလှုံလျက်ရှိကြကြောင်း သိရသည်။

 

1

 


ရေဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းသို့ အမှတ် ၄ ရပ်ကွက်မှ အိမ်ထောင်စု ၂၅ စု လူဦးရေ ၁၃၃ဦး မှာ ရွှေစည်းခုံဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ မြတောင်ကျေးရွာ အိမ်ထောင်စု ၇ စု လူဦးရေ၃၅ ဦးမှာ မြတောင်ကျေးရွာ ဖောင်တော်ဦးကျောင်းသို့လည်းကောင်း၊ မြတောင်ကျေးရွာ အိမ်ထောင်စု ၁၆ စု လူဦးရေ ၇၅ ဦးမှာ နီးစပ်ရာဆွေမျိုးများအိမ်သို့လည်းကောင်း၊ ကြက်တကောင်ကျေးရွာ အိမ်ထောင်စု ၂၃ စု လူဦးရေ၁၀၇ ဦးမှာ နီးစပ်ရာဆွေမျိုးများအိမ်သို့လည်းကောင်း ကြက်တကောင်ကျေးရွာ အိမ်ထောင်စု ၁ စု လူဦးရေ၆ ဦးအား ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း စုစုပေါင်းအိမ်ထောင်စု ၉၇ စု လူဦးရေ ၄၆၃ ဦးပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်း သိရပါသည်။


ထို့နောက် ထီးချိုင့်မြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်း ရွှေစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူများအား ဒေါက်တာစိုးလင်းနှင့် အဖွဲ့၊ ဦးမျိုးကျော်သက် (ကျန်းမာရေးမှူး)နှင့်အဖွဲ့ မှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။


ရဲလင်းထွန်း(ပြန်/ဆက်)