မြင်းမူ ၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့ ရွှေစောလူးအင်းအတွင်း နှစ်စဉ် စပါးစိုက်ပျိုး လျက်ရှိသော်လည်း ယခုနှစ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု နည်းပါးခြင်းကြောင့် စိုက်ပျိုး နိုင်ခြင်း မရှိကြောင်း စပါးစိုက်ပျိုးသူတောင်သူများထံမှ သိရှိရသည်။

“ပုံမှန်ဆို မြစ်ရေက ဒီအင်းထဲသို့အနည်းဆုံး(၂)ကြိမ်လောက် ရေတိုးတော့ နောက်ရေကို ပျိုးထောင်ဖို့၊စိုက်ပျိုးရေ (အောင်ရေ)သွင်းဖို့၊ ရေတံခါးပိတ်ပြီး လှောင်ထားနိုင်ပါတယ်။ ဒီနှစ် ကတော့ မြစ်ရေက ခဏပဲတိုးတယ်။ နောက်ရေပြန်ဝင်လာမယ်လည်း ထင်တာပေါ့။ ဒီလိုလဲ တစ်ခါမှ မဖြစ်ဖူးပါဘူး” ဟု နှစ်စဉ်စပါးစိုက်ပျိုးလုပ်ကိုင်နေသူ တောင်သူ ဦးသော့ထံမှ သိရှိရသည်။

စပါးစိုက်ပျိုးခြင်းတွက် တောင်သူများက တော်သီလင်းလနှင့် သီတင်းကျွတ်လတို့တွင် မြေပြုပြင်ခြင်းနှင့်အတူ စပါးပျိုးထောင်ခြင်းများပြုလုပ်ပြီး နတ်တော်လတွင် စိုက်ပျိုးကြကြောင်း၊ နတ်တော်လတွင် စပါးရိတ်သိမ်း ခြင်းများ ပြုလုပ်ကြကြောင်း၊ ယခုအခါ အချို့တောင်သူများက မြေအစိုဓာတ်ရရှိသောနေရာများတွင် ကုလားပဲနှင့် နေကြာများကို စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုနည်းပါးခြင်းအပြင် မိုးရွာသွန်းမှု အလွန်နည်းပါးခြင်း တို့ကြောင့် တောင်သူ(၆၃)ဦး ပိုင်ဆိုင်သော စပါး(၈၇)ဧကမှ ထွက်ရှိမည့် ပျမ်းမျှ စပါးတင်း (၅၀ဝ၀)ကျော် လျှော့နည်းနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)