ညောင်ဦး ၂၈ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၂၉ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာထက် ကျော်လွန်နေပြီဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ညောင်ဦးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၂၉ စင်တီမီတာရှိခဲ့ပြီး မွန်းတည့် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ၂၁၃၂ စင်တီမီတာသို့ ရောက်ရှိလာခဲ့ကာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်လျက်ရှိကြောင်း သိရသည်။

 

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှု အခြေအနေအား သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

               

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)