ပခုက္ကူ  ၃၀  ဇူလိုင်

 

ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ရေဘေးသင့်ပြည်သူများအား ဇူလိုင်လ ၂၉ ရက် မွန်းလွဲပိုင်းက ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

 

ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊  ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာမှ ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ်(၂၅)လုံး အိမ်ထောင်စု(၂၅)စု၊ ကျား(၃၄)ဦး၊ မ(၄၃)ဦး၊ လူဦးရေ (၇၇)ဦးအတွက် ပြောင်းရွှေ့အိမ် တစ်လုံးလျှင် ၁ဝဝဝဝဝ နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၂၅)သိန်း၊ ဆန်ရိက္ခာဖိုး ငွေကျပ်(၁၆၁၇၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၆၆၁၇၀၀)၊ ဓာတ်ဆား အထုပ် (၂၅ဝ)၊ အဆိုပါကျေးရွာမှ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် အိမ်ခြေ(၉)လုံး၊ သံဃာ(၅)ပါး၊ အိမ်ထောင်စု(၉)စု၊ ကျား(၈)ဦး၊ မ(၁၂)ဦး၊ လူဦးရေ ၂ဝ အတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁ဝ)သိန်း၊  ဆန်ရိက္ခာဖိုးငွေကျပ် (၅၂၅၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၅၂၅၀ဝ၊ ဓာတ်ဆားအထုပ် ၁ဝဝ  အား မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေ နှင့်ဝန်ထမ်းများက အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)