ရေနံချောင်း ၁  ဇူလိုင်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု ကုန်းသောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ဇူလိုင် ၃၀ ရက်နေ့တွင် ကုန်းသောင်ကျေးရွာ ..က(ခွဲ)ကျောင်းအတွင်း မြစ်ရေနှစ်ပေနီးပါး ဝင်ရောက်ခဲ့ပြီး ဆရာ/ဆရာမ ၁၃ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၁ ဦးတို့အား ဘေးန္တရာယ်ကင်းရှင်းစေရန်အတွက် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်းပိတ်ရက်များကို မြစ်ရေပြန်လည်ကျဆင်းချိန် အဖိတ်နေ့များတွင် ပြန်လည်အစားထိုးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရေနံချောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အထက်တန်း(ခွဲ) ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ယခုလ ၂၁ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး