ဟင်္သာတ ဇူလိုင် ၆

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဟင်္သာတမြို့နယ် ကမ်းနားကြီးသင်္ဘောဆိပ်၌ ဧရာဝတီမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်မော်မော်ဝင်းနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ငါးမျိုးစိုက်ထည့်ပွဲတွင် သဘာဝရေပြင်အတွင်းသို့ နှစ်လက်မအောက်ခံ ငါးမြစ်ချင်းသားပေါက်ကောင်ရေ သုံးသိန်း၊ ငါးခုံးမကြီးကောင်ရေ နှစ်သောင်း၊ ရွှေဝါငါးကြင်းကောင်ရေ နှစ်သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းလေးသောင်းတို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)