ဟင်္သာတ ၂၁ ဧပြီ
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက နှာခေါင်းစည်း mask များ ချုပ်လုပ်ပြီး အခမဲ့ဖြန့်ဝေ လှူဒါန်းလျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှုး ဦးမျိုးအောင်ထံမှ သိရသည်။
လတ်တစ်လော ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်း ဆိုင်ရာ (ကိုဗစ်-၁၉)ရောဂါသည် မြန်မာ နိုင်ငံအတွင်း၌ ကူးစက်ခံရမှုမြင့်တက်နေရာ ခရိုင်နှင့်မြို့နယ်များအတွင်း ကူးစက်ခံရမှု မရှိစေရေး တစ်ကိုယ်ရေ ကာကွယ်အသုံးပြုနိုင်ရန်နှင့် နှာခေါင်းစည်း(mask)များ ဝယ်ယူနိုင်မှု အခက်အခဲများကို အဆင်ပြေစေရန်အတွက် ချုပ်လုပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(mask)ချုပ်ရန် ကုန်ကြမ်းပစ္စည်းများကို ဟင်္သာတခရိုင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ဝယ်ယူထောက်ပံ့ပေးပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များက လုပ်အားဒါနပေးလှူ ချုပ်လုပ်ပေးနေကြောင်း ဦးဆောင်သူ ခရိုင်ထွေ/အုပ် ဒုတိယဦးစီးမှူး ဒေါ်အေးအေးမွန်က ပြောသည်။
ယခုလက်ရှိတွင် နှာခေါင်းစည်း(mask) ၁၀ဝ၀ ကျော်ကို ပြည်သူနှင့် အများဆုံးထိတွေ့ဆက် ဆံရသည့် ရုံးဌာနများနှင့် mask ဝယ်ယူရန် အခက်အခဲရှိသည့် ခြေခံလူတန်းစားပြည်သူများကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိပြီး ဆက်လက်လှူဒါန်းရန် mask ၁၀ဝ၀ ကျော် ထပ်မံချုပ်လုပ်နေကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)