ပုသိမ်၂၀ အောက်တိုဘာ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် လေ့အထ​​ကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များကို ကျင်းပလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း​​​ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခြေခံပညာဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု​​ကော်မတီတို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်များ ကျင်းပသွားမည်ဖြစ်သည်။

ကလေးစာပေပွဲတော်များတွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ဖျော်ဖြေရေးအစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ()ပွဲ၊ ဒီဇင်ဘာလတွင် ()ပွဲ၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ()ပွဲ၊ မတ်လတွင် ()ပွဲ၊ ဧပြီလတွင် ()​ပွဲ စုစုပေါင်း(၂၆)ပွဲ ကျင်းပမည်ဖြစ်ပြီး (.၁၁.၂၀၁၉ မှ .၁၁.၂၀၁၉ ထိ) ပုသိမ်မြို့နယ် (ချောင်းသာမြို့) (.၁၁.၂၀၁၉ မှ .၁၁.၂၀၁၉ ထိ) ဇလွန်မြို့ (.၁၁.၂၀၁၉ မှ .၁၁.၂၀၁၉ ထိ) အိမ်မဲမြို့ (၁၅.၁၁.၂၀၁၉ မှ ၁၆.၁၁.၂၀၁၉ ထိ) ဓနုဖြူမြို့၊ (၁၈.၁၁.၂၀၁၉ မှ ၁၉.၁၁.၂၀၁၉ ထိ) ကျိုက်လတ်မြို့၊ (၂၀.၁၁.၂၀၁၉ မှ ၂၁.၁၁.၂၀၁၉ ထိ) မော်လမြိုင်ကျွန်းမြို့၊ (၂၉.၁၁.၂၀၁၉ မှ ၃၀.၁၁.၂၀၁၉ ထိ) သာပေါင်းမြို့၊​ (.၁၂.၂၀၁၉ မှ .၁၂.၂၀၁၉ ထိ) လေးမျက်နှာမြို့၊ (.၁၂.၂၀၁၉ မှ .၁၂.၂၀၁၉ ထိ) မြောင်းမြမြို့၊ (၁၃.၁၂.၂၀၁၉မှ ၁၄.၁၂.၂၀၁၉ထိ)ပန်းတနော်မြို့၊​(၁၆.၁၂.၂၀၁၉ မှ ၁၇.၁၂.၂၀၁၉ ထိ) ဒေးဒရဲမြို့၊ (၁၈.၁၂.၂၀၁၉ မှ ၁၉.၁၂.၂၀၁၉ ထိ) ဝါးခယ်မမြို့၊ (၂၇.၁၂.၂၀၁၉ မှ ၂၈.၁၂.၂၀၁၉ ထိ)​ကျောင်းကုန်းမြို့၊ (..၂၀၂၀ မှ ..၂၀၂၀ ထိ) အင်္ဂပူမြို့၊ (..၂၀၂၀ မှ ..၂၀၂၀ ထိ) လပွတ္တာမြို့၊ (၁၀..၂၀၂၀ မှ ၁၁..၂၀၂၀ ထိ) ကျုံပျော်မြို့၊ (၁၃..၂၀၂၀ မှ ၁၄..၂၀၂၀ ထိ) မြန်အောင်မြို့၊ (၁၅..၂၀၂၀ မှ ၁၆..၂၀၂၀ ထိ) ညောင်တုန်းမြို့၊ (၂၄..၂၀၂၀ မှ ၂၅..၂၀၂၀ ထိ)​ရေကြည်မြို့၊ (၂၇..၂၀၂၀ မှ ၂၈..၂၀၂၀ ထိ) ကြံခင်းမြို့၊ (၂၉..၂၀၂၀ မှ ၃၀..၂၀၂၀ ထိ) ဘိုကလေးမြို့၊ (၂၅..၂၀၂၀ မှ ၂၆..၂၀၂၀ ထိ) ငပုတောမြို့၊ (၃၀..၂၀၂၀ မှ ၃၁..၂၀၂၀ ထိ) ဟင်္သာတမြို့၊ (..၂၀၂၀ မှ ..၂၀၂၀ ထိ) မအူပင်မြို့၊ (..၂၀၂၀ မှ ..၂၀၂၀ ထိ) ကန်ကြီးထောင့်မြို့နှင့် (..၂၀၂၀ မှ ..၂၀၂၀ ထိ) ဖျာပုံမြို့တို့တွင် တစ်မြို့နယ်လျှင် ()ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်းမှာ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာပေဗဟုသုတရရှိရေး၊ ကလေးများ ဉာဏ်ရည်ထက်မြက်စေရေးနှင့် ကလေးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျောင်းနေအရွယ် ကလေးငယ်များ ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေး ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၅)ခုအနက် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ထူးထူးခြားခြား ပထမဆုံးမြို့နယ်အဆင့်ထိ ကလေးစာပေပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များတွင် နယ်ပယ်ဒေသအသီးသီးမှ ကလေးများ လွတ်လပ်ပျော်ရွှင်စွာ၊ စိတ်ရွှင်လန်းတက်ကြွစွာ ပါဝင်ဆင်နွှဲနိုင်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးစီစဉ်မှုဖြင့် တစ်မြို့နယ်လျှင်ငွေကျပ်သိန်း(၃၀)စီနှင့် မြို့နယ် (၂၆) မြို့နယ်အတွက်ငွေကျပ်သိန်း​ (၇၈၀) ,တည်ပေးပြီးစေတနာရှင်၊ အလှူရှင်များ၏ ပါဝင်လှူဒါန်းမှုများကိုပါ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တိုးဝေဇင်(ပုသိမ်)