ပုသိမ် ၁၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့နယ် (၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များ ကျင်းပလျက်ရှိရာ ဒီဇင်ဘာလအတွင်း မြို့နယ် (၆) မြို့၌ ကျင်းပမည်ဖြစ်သည်။
ကလေးစာပေပွဲတော်များကို ဒီဇင်ဘာ ၂ ရက်မှ ၃ ရက်ထိ လေးမျက်နှာမြို့၊ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်ထိ မြောင်းမြမြို့၊ ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်ထိ ပန်းတနော်မြို့၊ ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်ထိ ဒေးဒရဲမြို့၊ ဒီဇင်ဘာ ၁၈ ရက်မှ ၁၉ ရက်ထိ ဝါးခယ်မမြို့၊ ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်ထိ ကျောင်းကုန်းမြို့တို့တွင် တစ်မြို့နယ်လျှင် (၂)ရက်စီဖြင့် ကျင်းပသွား မည်ဖြစ်သည်။
အဆိုပါ ကလေးစာပေပွဲတော်များတွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေးပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ၊ မြန်မာယူနီကုဒ်စနစ် အခမဲ့ပြောင်းလဲပေးခြင်းများကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
တိုးဝေဇင်(တိုင်းပြန်/ဆက်)


