ပုသိမ် ၂၄ စက်တင်ဘာ    
     

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် ဝယ်ယူသည့် ယာဉ်၊ စက်ယန္တရားများအား မြို့နယ်/မြို့ စည်ပင်သာယာရေး ကော်မတီများသို့ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် / မြို့စည်ပင်သာယာရေး ကော်မတီများ အနေဖြင့် စည်ပင်သာယာရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ကြရာတွင် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လိုအပ်လျက်ရှိသော ယာဉ်နှင့်စက်ယန္တရားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပြီး လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ ရန်ပုံငွေကျပ် (၆၁၈.၄) သန်းရှိပြီး တင်ဒါအောင်မြင်သော Myanmar Kaido Co.ltd နှင့် General Arr Mahn Co.ltd တို့မှ ပေးသွင်းလာတဲ့ မြေတူးစက် (၇.၅) တန် (၄)စီး၊ သုံးဘီးဆိုင်ကယ်(အမှိုက်သိမ်းယာဉ်)(၅၆)စီး၊စုစုပေါင်း အစီး (၆၀) လွှဲပြောင်းပေးအပ်မှာဖြစ်ပါကြောင်း၊ သုံးဘီးဆိုင်ကယ်များကို အမှိုက်သိမ်းယာဉ်ကြီးတွေ မဝင်နိုင်တဲ့  လမ်းကြားများသို့ ဝင်ရောက်အမှိုက်သိမ်းရန် ရည်ရွယ်ပြီးဖြည့်တင်းပေးခြင်းဖြစ်ပါကြောင်း ၊ 


လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် မြေတူးစက်(၇)စီး၊ အမှိုက်သိမ်း ယာဉ်၊(၂၀)စီး ထပ်မံဝယ်ယူ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ မြို့နယ်/ မြို့စည်ပင်သာယာရေး ကော်မတီများ အနေဖြင့် လုပ်ငန်းများ ပိုမိုဖော်ဆောင်လုပ်ကိုင်ပြီး၊ အချိန်မတိုင်မီပျက်စီး ယိုယွင်းမှုများမရှိအောင် ယာဉ်နှင့် စက်ယန္တရားတွေရဲ့ ပြင်ဆင်ထိန်းသိမ်းမှုကို မျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ သို့မှသာ စည်ပင်သာယာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုလက်မှုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီ ၊ စည်ပင်သာယာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ကရင်တိုင်းသားရေးရာဝန်ကြီးနှင့် တိုင်းသေကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မြို့နယ်/မြို့စည်ပင်သာယာရေး ကော်မတီဥက္ကဌများထံသို့  ယာဉ်နှင့် စက်ယန္တရားများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး စည်ပင်သာယာရေးဝန်ကြီး က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


တိုင်းဒေသကြီးပြန်/ဆက်