ညောင်တုန်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ညောင်တုန်းမြို့နယ်အတွင်းရှိ သီတင်းသုံးတော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများအား ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း (၂၇၄) ကျောင်းတိုက်တွင် သီတင်းသုံးတော်မှုကြသည့်  ဆရာတော်သံဃာတော်များနှင့် သီလရှင် စုစုပေါင်း(၂၁၉၉) ပါးတို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များလှူဒါန်းသည့်  ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ စုစုပေါင်း တန်းဖိုးငွေကျပ်(၁၀၉၉၅၀၀၀)တို့အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ကျောင်းတိုက်များသို့လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာအတွင်းရှိ ကျောင်းတိုက်များသို့လည်းကောင်း အသီးသီး သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)