ဓနုဖြူ    ၉   မေ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် တာဝန်ရှိသူတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင်းရှိ ကျုံတနီးကျေးရွာ၊ ပြင်ကသာ ကျေးရွာ နှင့် အ.ထ.က(၁)ဓနုဖြူတို့တွင် ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre များသို့ ယမန်နေ့ နံနက် ၉ နာရီက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

20200589

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဓနုဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရန် လိုအပ်ကြောင်း ၊ ကော်မတီများအနေဖြင့်လည်း စနစ်တကျ စီမံဆောင်ရွက် ပေးနိုင်ရေးနှင့် မြို့နယ်အတွင်း ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများနှင့် ထပ်မံရောက်ရှိလာမည့် သူများအတွက် စောင့်ကြည့်စခန်းများ စနစ်တကျ ထားရှိရေး၊ ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေး လုပ်ငန်းများကို ထိရောက်စွာ စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဓနုဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်မြင့်က ဓနုဖြူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် Facility Quarantine Centre များ  ဖွင့်လှစ်ထားရှိပြီး ပြည်ပမှပြန်လည် ရောက်ရှိလာသူများအား ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများစီမံခန့်ခွဲမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

 

117895

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး  ဂါ့မိုးမြတ်မြတ်သူ က အ.ထ.က(၁) ဓနုဖြူ Facility Quarantine Centre တွင် အသုံးပြုနိုင်ရေးအတွက် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ကြီးကြပ်ရေးအဖွဲ့ထံပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။

 

ယင်းနောက် ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ ဆေးရုံသို့ သွားရောက်၍ သီးသန့်ထားရှိ လူနာဆောင်( Isolation ward ) ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မြင့်က ရှင်းလင်းတင်ပြရာ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ထက်ဝေဖြိုး

 

883142