ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ် ၂၈ မတ်

 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း အားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ပြိုင်ပွဲကို မတ် ၂၅ ရက်မှစတင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ဆုချီးမြှင့််ပွဲကျင်းပခြင်းဖြစ်သည်။

 


ဆုပေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ပြီး ဆုများချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲတွင်အသက် ၂၀ နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲ၊ အလွတ်တန်း တစ်ဦးချင်းပြိုင်ပွဲ၊ အလွတ်တန်း အသင်းလိုက်ပြိုင်ပွဲ စသော ပြိုင်ပွဲများပြုလုပ်ခဲ့ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 


MDN

 

e