ပုသိမ် ၆ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ (၃၅/၂၀၂၀) ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြားပြီး တာဝန်ရှိသူအသီးသီးက ကဏ္ဏအလိုက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်က မြို့နယ် ၂၆ မြို့နယ်ရှိ Quarantine Center များသို့ စားစရိတ်ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေးဝင်းသို့လည်းကောင်း၊ မြို့နယ် ၂၆ မြို့နယ်ရှိ ကုသရေးစင်တာ Second Hospital များ၏ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများအတွက် ထောက်ပံ့ ငွေကျပ် ၅၅၉ ဒသမ ၅၂ သိန်းအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သို့လည်းကောင်း ပေးအပ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ လုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဝန်ထမ်းများ၏ လှူဒါန်းငွေကျပ် တစ်သိန်းအား တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပေးအပ်ရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)


