ပုသိမ် ဇွန် ၂၉

 

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်၍ စာဖတ်ရှုသူပိုမို များပြားလာစေရေး လုပ်ငန်းဆောင်ရွက် နေမှုများအား ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုအား‌ပေးသည်။

 

လှူဒါန်းပေးအပ်

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်က စာအုပ်စာစောင် ငှားရမ်းနေမှုများ၊ သုတ၊ ရသ စာအုပ်များ ခင်းကျင်းထားရှိမှုနှင့် DLMS စနစ်ဖြင့် စာအုပ်စာရင်းသွင်း ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များ မှာကြားကာ စာအုပ်‌စာစောင်များ လှူဒါန်းပေးအပ်ခဲ့သည်။

 

ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာများရရှိစေရန် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရွေ့လျား စာကြည့်တိုက်ကားဖြင့် အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ စာအုပ် စာစောင်များငှားရမ်းခြင်း၊ နံရံကပ် စာစောင်ပြသပေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)